Home
မြန်မာသတင်း
ဖားကန့်တွင် KTV ပိုင်ရှင် ၁ ဦး၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်း
DVB
·
July 18, 2023
361634624_295542179609356_3943967574446144953_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်စီစာကျေးရွာရှိ နေအိမ်တလုံးကို ဇူလိုင် ၁၇ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ သိရပါတယ်။

SKY KTV ပိုင်ရှင် ဦးအိုင်ရီရဲ့နေအိမ်ကို စစ်ကောင်စီတပ် အင်အား ၅၀ ထက်မနည်းက လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ည ၇ နာရီလောက်က ကား ၇ စီးလောက်နဲ့ စစ်သား အယောက် ၅၀ လောက် ရောက်လာတယ်။ သေနတ်တွေ ယူနီဖောင်းတွေ အပြည့်အစုံနဲ့ အိမ်ကို ဝိုင်းလိုက်တယ်။ အထဲမှာကလည်း ဝန်ထမ်းကလေးတွေတော့ရှိတယ်။ ဦးအိုင်ရီကတော့ အဖမ်းခံထားရတာ။ ဘာသတင်းရပြီး ဝင်ရှာတာလဲတော့ မသိရဘူး။ ဝန်ထမ်းတွေ အဖမ်းခံရတယ်လို့တော့ မကြားမိဘူး” လို့ ပြောပါတယ်။

SKY KTV ပိုင်ရှင် ဦးအိုင်ရီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းက မြစ်ကြီးနားလေဆိပ်မှာ ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ KIO အုပ်ချုပ်ရေးရုံးကို ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရှိခဲ့ပြီး ၃၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024