Home
နိုင်ငံတကာ
ထိုင်း ၄၁ ခရိုင်တွင် မိုးသည်းထန်မည်ဟု သတိပေ
DVB
·
July 18, 2023
358083009_1532340833838668_5528674374560130832_n

ဒီကနေ့ ၂၀၂၃ ဇူလိုင် ၁၈ ကနေ ၂၀ ရက်နေ့တွေအတွင်း ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၄၁ ခုမှာ မိုးသည်းထန်ပြီး အချို့နေရာမှာ ရေကြီးရေလျှံခြင်းနဲ့ တောင်ကျ ချောင်းရေတွေ ကျလာနိုင်တယ်လို့ ထိုင်းအမျိုးသားမိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။ 

တောင်တရုတ်ပင်လယ်က တာလင်အမည်ရှိ တိုက်ဖွန်းမုန်တိုင်းဟာ မနေ့ညက တရုတ်နိုင်ငံ ကွမ်စီးပြည်နယ် ကုန်းတွင်းပိုင်းကို ၁ နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး အဲဒီဒေသဟာ တောတောင်ထူထပ်တာကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ဒီနေ့မနက် ၄ နာရီမှာတော့ မုန်တိုင်းဟာ အားပျော့သွားပြီး ဗီယက်နမ်ဘက်ယက်နမ်နိုင်ငံဘက် ဝင်ရောက်ခဲ့ တယ်လို့ ဆိုပါတယ်။ 

အဆိုပါမုန်တိုင်းဟာ ဒီကနေ့ ဇူလိုင် ၁၈ ရက်နေ့မှာ ထိုင်းအရှေ့မြောက်ပိုင်းဘက်ကို ဝင်ရောက် မှာဖြစ်ပြီး ပိုမိုအားပျော့သွားပေမယ့်လည်း မုန်တိုင်းအရှိန်ကြောင့် ဘန်ကောက်နဲ့အနီး တဝိုက်အပါအဝင် ထိုင်းတနိုင်ငံလုံးနီးပါး မိုးရွာသွန်းကာ အချို့နေရာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ 

ထိုင်းပင်လယ်အော်၊ ဘင်္ဂလားပင်လယ်အော်မှာ လှိုင်းလုံးအမြင့် ၂ မီတာ ၃ မီတာထိ တက်နိုင်ပြီး ငါးဖမ်းလှေငယ်တွေအနေနဲ့ ကမ်းစပ်ကခွါခြင်း ရှောင်ကြည်ဖို့လည်း သတိပေးထားပါတယ်။ 

ခရိုင်အလိုက် မိုးရွာသွန်းနိုင်တဲ့ဒေသတွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ နန့်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဗိစနုလုတ်၊ ဖိကျစ်၊ ဖစ်ချဘွန်း  ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း နောင်ခိုင်၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ နခွန်းရာ့ချ်ဆီမား၊ ကာလာဆင်၊ လွဲ့အစ်၊ အမ်နတ်ကျရွန်း၊ နခွန်းဖနုန်၊ ဘူရီရမ်၊ ဥဘွန်းရာ့ချ်ဌာနီ၊ စကွန်နခွန်း၊ ဆီစကစ်၊ မုဒ်တာဟန်၊ ယဆိုထွဏ်း ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ရှိပါတယ်။ 

ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီ၊ ရာ့ချ်ပူရီ နဲ့ ကန်ကျနပူရီတို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိပါတယ်။ ဘန်ကောက်နဲ့အနီးတဝိုက်ဧရိယာမှာလည်း ရွာရန်ရာနှုန်း ၆၀ ရှိပါတယ်။  

ထိုင်းအရှေ့ပိုင်း နခွန်းနာယုတ်၊ ချချိန်းဆောင်း၊ ပရကျင်းပူရီ၊ ချွန်းပူရီ၊ ဆာကယောက်၊ တရတ် လယောင်း တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၇၀ နဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ မှ ၃ မီတာထိ ရှိနိုင်ပါတယ်။

ထိုင်းတောင်ပိုင်း ဖစ်ချ်ပူရီ၊ ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ ကရပီ၊ ရနောင်း၊ ဖန်ငါး၊ ဖူးကစ်တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိပါတယ်။ 

ရနောင်းခရိုင် ရနောင်းမြို့နယ်ထဲမှာဆိုရင် မနေ့ညက  မိုးသက်လေပြင်းကျလို့ သစ်ပင်တွေလဲ ကျပြီး နေအိမ်တွေပျက်စီးကာ ဒီနေ့မနက်လည်း ရပ်ကွက်အချို့မှာ ရေကြီးနေပါတယ်။ 

source- springnews.co.th

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024