ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားတံတားပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၁၇ က လူနှစ်ယောက် သေဆုံးခဲ့ရတဲ့အပြင် မိန်းကလေးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတံတားဟာ ယူကရိန်းနိုင်ငံမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေး လမ်းကြောင်း တခုဖြစ်သလို ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ် ပေးခဲ့တဲ့ တံတားစီမံကိန်းတခုလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားဘက်က ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းပိုင် ခရိုင်းမီးယားဒေသနဲ့ ရုရှားနိုင်ငံကြားက ဒီတံတားကြီးဟာ ၁၂ မိုင်အထိ ရှည်လျားပြီး ကားလမ်းရော ရထားလမ်းနဲ့ပါ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
ဝဂ်နာကြေးစားတပ်ဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ "မီးခိုးရောင်ဇုန်" အမည်ရ ရုရှားတယ်လီဂရမ်ချန်နယ် ကတော့ ဒေသစံတော်ချိန်မနက် ၃ နာရီ ၄ မိနစ် နဲ့ ၃ နာရီ မိနစ် ၂၀ တို့မှာ တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း အတည် ပြုပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရရှိသွားတဲ့ မိန်းကလေးတယောက်ရဲ့ မိဘတွေဟာ ကားပေါ်မှာတင် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ရုရှားခန့်အပ်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဂျီ အက်ခ်စယိုနော့ဗ်ကတော့ ဒီတံတားရဲ့ ၁၄၅ ခုမြောက်ထောက်တိုင်မှာ အရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့တယ်လို့သာ ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်တွေကို ဖော်ပြခဲ့ခြင်း မရှိပါဘူး။
Source-Reuters