ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ဟာ လာမယ့် ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်တဦးအဖြစ် ရပ်တည်မှာမဟုတ်ဘဲ ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က သူ့ရဲ့ နောက်ထပ် အစိုးရအဖွဲ့ အပြောင်းအလဲကို ဆောင်ရွက်တဲ့အခါ အစိုးရကနေ နုတ်ထွက်မယ်လို့ The Sunday Times သတင်းစာကို ပြောလိုက်ပါတယ်။
အာဏာရ ကွန်ဆာဗေးတစ်ပါတီက အဖွဲ့ဝင်တဦးဖြစ်တဲ့ ဝေါလေ့စ်ဟာ ဝိုင်ယာနဲ့ ပရက်စတင်မြောက်ပိုင်းမဲဆန္ဒနယ်အတွက် အမတ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက အင်္ဂလန်အနောက်မြောက်ပိုင်း မဲဆန္ဒနယ်ရဲ့ အမတ်လည်းဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်က ကာကွယ်ရေးဝန်ကြီးအဖြစ် လေးနှစ်တာ ကူညီပေးခဲ့ပါတယ်။
“ကျနော် နောက်တကြိမ် နေရာမယူတော့ပါဘူး” လို့ ဝေါလေ့စ်က ဇူလိုင် ၁၇ ရက်မှာ ဖော်ပြတဲ့ သတင်းစာနဲ့ အင်တာဗျူးတခုမှာ ပြောပါတယ်။
အချိန်မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကို နောက်တကြိမ်ကျင်းပမယ့် ကိစ္စကိုလည်း ငြင်းဆိုခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲ သုံးခုကို ရင်ဆိုင်နေရပြီး သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ ရွေးကောက်ပွဲတိုင်းမှာ ရှုံးနိုင်တယ်လို့ သဘောထား စစ်တမ်းတွေက ဖော်ပြထားပါတယ်။
လာမယ့် ၁၈ လအတွင်း ဗြိတိန်မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပရမှာပါ။ စက်တင်ဘာလမှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ မျှော်လင့်ထားတယ်လို့ Sunday Times က ဖော်ပြပါတယ်။
ဝေါလေ့စ်ဟာ သူ့ရဲ့အစီအစဉ်တွေကို ဇွန်လ ၁၆ ရက်နေ့မှာ ဆူးနတ်ခ်ကို ပြောခဲ့ပေမဲ့ မပေါက်ကြားမီ နွေရာသီမှာ ကြေညာချက်ထုတ်ဖို့ မျှော်လင့်ထားတယ်လို့ သတင်းစာက ဖော်ပြခဲ့ပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ဝေါလေ့စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာတွေ ရှိခဲ့ပါတယ်။
နယ်နိမိတ် အပြောင်းအလဲတွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ သူ့ရဲ့ မဲဆန္ဒနယ် ဖျက်သိမ်းခံရတာကို တွေ့ရမှာဖြစ်ပြီး တခြားနေရာကို လူသိရှင်ကြား မတောင်းခံထားပါဘူး။
နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်ကို ဆက်ခံမယ့် အလားအလာရှိသူအဖြစ် သတ်မှတ်ခံထားရပေမဲ့ စတော့တန်ဘာ့ဂ်ရဲ့ စာချုပ်ကို ခုလမှာ နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့ပါတယ်။
အင်တာဗျူးမှာ ဝေါလေ့စ်က သူ့ရဲ့ အကြီးမားဆုံးစိုးရိမ်မှုမှာ မတော်တဆပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲဖြစ်ဖြစ် ရုရှားနဲ့ စစ်ရေးပဋိပက္ခဖြစ်နိုင်တဲ့ အန္တရာယ်ပဲလို့ ပြောခဲ့ပါတယ်။
Source-Reuters