ဧက ၁၁,၄၉၀ ကျော် လောင်ကျွမ်းခဲ့တဲ့ စပိန်နိုင်ငံ ကာနာရီကျွန်းစု လာပယ်လ်မာကျွန်းပေါ်က တောမီးကို ထိန်းချုပ်ဖို့ ဇူလိုင် ၁၆ ရက်မှာ မီးသတ်သမား အယောက် ၃၀၀ ကျော် ကြိုးစားနေပြီး လူပေါင်း ၄,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးစတင်လောင်ကျွမ်းချိန်မှာ ကျွန်းရဲ့မြောက်ဘက်က သစ်တောဧရိယာတခုဖြစ်တဲ့ ပန်တာဂေါ်ဒါမှာ ကြီးမားတဲ့ အနီရောင်မီးတောက်တွေ လောင်ကျွမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။
စပိန်စစ်တပ် အရေးပေါ်တပ်ဖွဲ့ရဲ့ အကူအညီနဲ့ မီးသတ်သမားတွေဟာ အာဖရိက အနောက်ဘက်ကမ်းရိုးတန်းက ကာနာရီကျွန်းစုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကာနာရီကျွန်းစုမှာ တောမီးကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။
ဒေသတွင်းမှာလည်း ဥရောပတောင်ပိုင်းကို သက်ရောက်နေတဲ့ အပူလှိုင်းကြောင်း ပြင်းထန်တဲ့ အပူချိန်ကို ခံစားခဲ့ရပါတယ်။
အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) ရဲ့ ဂြိုဟ်တုကနေ ဇူလိုင် ၁၅ ရက်မှာ ရိုက်ယူထားတဲ့ အာကာသဓာတ်ပုံတွေထဲမှာ စပိန်နိုင်ငံ၊ လာပယ်လ်မာကျွန်းပေါ် တောမီးတွေကနေ မီးခိုးတွေပျံ့နေတာ မြင်ရပါတယ်။
ဒီကျွန်းပေါ်မှာ ၂၀၂၁ ခုနှစ် မီးတောင်ပေါက်ကွဲပြီးနောက်ပိုင်း ကျွန်းပေါ်မှာ ပထမဆုံး ကျရောက်တဲ့ သဘာဝဘေးအန္တရာယ်ပါ။
အပူချိန် ၄၀ စင်တီဂရိတ် (၁၀၄ ဖာရင်ဟိုက်) ရောက်ရှိခဲ့တဲ့ ဒေသအတွင်း မိုးမလုံလောက်ခဲ့ဘူးလို့ ပန်တာဂေါ်ဒါ မြို့တော်ဝန်က ပြီးခဲ့တဲ့သီတင်းပတ်က စပိန်ရုပ်သံကို ပြောခဲ့ပါတယ်။
မီးလောင်မှုကြောင့် အနည်းဆုံး နေအိမ် ၁၁ လုံး ပျက်စီးခဲ့တယ်လို့ ကာနာရီကျွန်းစုရဲ့ အကြီးအကဲ ဖှာနန်ဒို ကလာဗီယိုက ပြောပါတယ်။
Source - Reuters