အမေဇုန်ဒေသထဲမှာ တရားမဝင် ရွှေတူးတာကို ရပ်တန့်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဘိုလီးဗီးယားနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင် ရွှေထုတ်ယူဖို့ သုံးတယ်လို့ ယူဆရတဲ့ သောင်တူး သင်္ဘောတွေကို ဇူလိုင် ၁၄ ရက်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၅၇ ဦးကို ဖမ်းဆီးခဲ့ပြီး သောင်တူးသင်္ဘော ၂၇ စီးကို သိမ်းဆည်းရမိခဲ့တာပါ။
ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ရဲ့ ခြောက်ရက်ကြာ စစ်ဆင်ရေးက ဇူလိုင် ၁၄ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
ဘိုလီးဗီးယားအစိုးရက မျှဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ သတ္ထုတွင်း လုပ်သားတွေနဲ့ သာမန် အလုပ်သမားတွေအပါအဝင် သောင်တူးသင်္ဘောတစီးကို အရာရှိတွေက ဝင်စီးကြောင်း ပြသခဲ့ပါတယ်။
အဲဒီနောက် လှေတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တုံ့ပြန်တဲ့ အနေနဲ့ သတ္ထုတွင်း လုပ်သားတွေနဲ့ ဒေသခံပြည်သူတွေဟာ ဇူလိုင် ၁၅ ရက်မှာ လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
ဘန်းနီဒေသမှာ တရားမ၀င် သတ္ထုတူးဖော်မှုတွေ တိုးပွားလာနေတာကို ဌာနေတိုင်းရင်းသား အသိုက်အဝန်းတွေက သတင်းပေးပို့ပြီးတဲ့နောက် ဒီစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာလို့ ဒေသခံမီဒီယာက ဖော်ပြခဲ့ပါတယ်။
Source-Reuters