Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး  ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်
DVB
·
July 15, 2023
359331607_289647323563812_3131929807725759855_n
359331607_289647323563812_3131929807725759855_n

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာ ဒီမနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

တန့်ဆည်မြို့ ဘောလုံးကွင်းကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ သပြေရင်းရွာအနီး ပဲခင်းကြီးတောရကျောင်းနားမှာ ဒီနေ့ဇူလိုင် ၁၅ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က တိုက်ပွဲဖြစ်ခဲ့တာပါ။

ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က “ထိတွေ့မှုက မီတာ ၁၀၀ အတွင်းမှာ ဖြစ်တာဆိုတော့ တိုက်ပွဲကပြင်းထန်တယ်လို့ပြောလိုရတယ်။ ကိုယ်တွေဘက်က ကြိုစောင့်ပြီး အသင့်အနေထားနဲ့ တိုက်တာဆိုတော့ ‌ေ-ွးတွေ အတော် အထိနာသွားတယ်။ အဲလိုအထိနာလို့လည်း နမခကနေ Mi35 နဲ့လေကြောင်းက‌နေ ပစ်ခတ်တာတွေလုပ်သွားတယ်။ လေယာဉ်ပေါ်ကနေ ဗုံးသီး ၉ လုံး တောတွေထဲ ပတ်ချသွားတယ်။ လက်နက်ငယ်တွေနဲ့ပစ်တာလည်းလုပ်သွားတယ်။ ‌ေ-ွး အသေကတော့  ၁၀ အထက်မှာရှိမယ်ဗျ။ ကိုယ့်ဘက်ကတော့ တိုက်ပွဲအတွင်းမှာ ရဲဘော် ၁ ယောက်ကျပြီး ၂ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရ ရဲဘော် ၂ ယောက်ကိုတော့ ဆေးကုသပေးနေပြီ” လို့ ပြောပါတယ်။

ဒေသခံတွေကလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ တန့်ဆည်နယ်အနောက်ခြမ်းက မြေပြင်စစ်ကြောင်းဝင်နေတဲ့ သပြေရင်း၊ ပဲခင်းကြီး၊ ခရမ်းခြံ စတဲ့ရွာတွေကို တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ တန့်ဆည်ပြည်သူကာကွယ်ရေးတပ်ပေါင်းစုနဲ့ တိုက်ပွဲ ဖြစ်ပွားပြီး ကံထူးမရွာကို ရောက်ရှိသွားပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024