ဂျပန်နိုင်ငံ အာကီတာစီရင်စုရှိ နိုရှီရိုမြို့ ဂျပန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) မှာ ဇူလိုင် ၁၄ ရက်က စမ်းသပ်မှုတခုအတွင်း ဒုံးပျံအင်ဂျင်တခု ပေါက်ကွဲခဲ့ပြီး ဒါဟာ ဂျပန်နိုင်ငံရဲ့ အာကာသရည်မှန်းချက်တွေ ဆက်တိုက် မအောင်မမြင်ဖြစ်နေမှုတွေထဲမှာ နောက်ဆုံးဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) မှာ စမ်းသပ်အဆောက်အအုံ ရဲ့ ဘေးဘက်မှာ မီးလောင်ကျွမ်းနေတာကို မြင်တွေ့ရပါတယ်။ အဆောက်အဦငယ်လည်း မီးလောင်သွားပြီး ခေါင်မိုးလည်း ပွင့်ထွက်သွားပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိကြောင်း သိရပါတယ်။
ဂျပန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီရဲ့ စမ်းသပ်ရေးဆိုက်မှာ ဒုတိယအဆင့် အင်ဂျင်စမ်းသပ်မှု လုပ်ဆောင်နေတဲ့ အချိန် တမိနစ်ကြာလောက်မှာ Epsilon S ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
JAXA ရဲ့ အလတ်စား H-3 ဒုံးပျံအသစ်ကို မတ်လတုန်းက သူ့ရဲ့ပထမဆုံး ပွဲဦးထွက် ပျံသန်းမှုမှာ သူ့ဘာသာဖျက်ဆီးပစ်ဖို့ အစီအစဉ် ထည့်သွင်းထားပေမဲ့ ဒုတိယအဆင့် အင်ဂျင်ဟာ စီစဉ်ထားတဲ့အတိုင်း မီးမလောင်ဘဲ ရှိခဲ့တာပါ။
ဒါဟာ အောက်တိုဘာလတုန်းက အေဂျင်စီရဲ့ လောင်စာတောင့်သုံး Epsilon-6 ဒုံးပျံပျက်ကျမှုရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
Source - Reuters