တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပြည်နယ်အများအပြားမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့လို့ လမ်းတွေ ရေနစ်မြုပ်ကုန်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဇူလိုင် ၁၃ ရက်က ဖော်ပြပါတယ်။
နိုင်ငံပိုင်ရုပ်သံ CCTV မှ ပြသခဲ့တဲ့ ဗီဒီယိုထဲမှာ ရှန်းစီးပြည်နယ်၊ ယွန်းချုံးမြို့ရဲ့ အစိတ်အပိုင်းတွေမှာ ရေလွှမ်းမိုးမှု ပြင်းထန်နေကြောင်း ပြသထားပါတယ်။
အိမ်နီးချင်း ရှောင်းစီပြည်နယ်ရဲ့ဝေးနန် မြို့မှာ လူပေါင်း ၁၂၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ပါတယ်။
ရှန်းစီးနဲ့ ရှောင်းစီပြည်နယ်တွေမှ အာဏာပိုင်တွေဟာ အလွှာ ၄ လွှာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး စနစ်ရဲ့ အနိမ့်ဆုံးဖြစ်တဲ့ အဆင့် ၄ အရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုပြီးပြင်းထန်တဲ့ ရာသီဥတု သတိပေးချက်တွေကို တိုးမြှင့်ထုတ်ပြန်နေပါတယ်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူပေါင်း ၄ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Source-Reuters