Home
မြန်မာသတင်း
ချင်းတွင်းမြစ်နှင့် ဥရုချောင်းဘေးနေထိုင်သူများကို မြစ်ရေကြီးမှု သတိပေး  
DVB
·
July 14, 2023
360138322_839945760886229_7402453789761500597_n

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီး ရေလျှံဖြစ်ပေါ်နိုင်လို့ မြစ်ကမ်းဘေးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလဌာနနဲ့ မိုးလေဝသပညာရှင်က သတိပေးထားပါတယ်။

ဇူလိုင် ၁၃ ရက် ဒီနေ့မနက် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်ရောက်ဖို့ ၄ ပေ ခန့်အလိုမှာရောက်နေပြီး  ဟုမ္မလင်းမြိုမှာ ၃ ပေခန့်အလိုမှာရောက်ရှိနေကာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

စိုးရိမ်ရေအမှတ်ဟာ ခန္တီးမြို့မှာ ၁၃၆၀ စင်တီမီတာ၊ ဟုမ္မလင်းမြို့ စိုးရိမ်ရေအမှတ်ဟာ ၂၉၀၀ စင်တီမီတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါမြို့တွေရဲ့  အနိမ့်ပိုင်းရပ်ကွက်တွေထဲကို ရေဝင်ရောက်နေပြီ ဖြစ်တယ်လို့ မြို့ခံတွေကဆိုပါတယ် ။

ချင်းတွင်းမြစ်အနီးနေထိုင်သူ မြို့ခံအမျိုးသမီးတစ်ဦးက "အရင်ရက်တွေက တအားပူတယ်။ အခုရက်ပိုင်း မိုးဓာတ်လေးရတော့ သိပ်မပူတော့ဘူး။ အထက်ဘက်မိုးကောင်းရင်တော့ ရေကြီးရေလျှံတာ နှစ်တိုင်းပါပဲ။ ဒါပေမဲ့ ဒီနှစ်တော့ဘယ်လိုနေမယ်မသိဘူး။ မြစ်ထဲ ချောင်းထဲမှာ ဘာဥပဒေမှာမရှိ ရွှေမျောတွေမောင်းထားကြတာဆိုတော့" လို့ ပြောပါတယ်။

ချင်းတွင်းမြစ်နဲ့ ဥရုချောင်းအနီးရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖားကန့်၊ လုံးခင်း၊ ကံဆီး ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသပညာရှင် စုစုစံကလည်း  ဒီနေ့မနက် အသိပေးထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024