နံပါတ် ၉ ဂျာစီသစ်ဝတ်ဆင်ပြီး အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်ကြောင်း လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်က ပြောပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ မနှစ်က ကျောနံပါတ် ၂၇ ဂျာစီဝတ်ဆင်ခဲ့တာဖြစ်ပြီး ဖေမီနို ထွက်ခွါသွားချိန်မှာ လစ်လပ်နေတဲ့ ကျောနံပါတ် ၉ ဂျာစီကိုဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးအသင်းမှာ ကျောနံပါတ် ၉ ဂျာစီဝတ်ဆင်ပြီး ခြေစွမ်းပြသနိုင်ခဲ့သူတွေရှိသလို ခြေစွမ်း ဆိုးရွားခဲ့တဲ့သူတွေလည်း ရှိခဲ့ဖူးတာပါ။
လီဗာပူးအသင်းရဲ့ နံပါတ် ၉ ဂျာစီဝတ်ဆင်ခွင့်ရတာက ဂုဏ်ယူစရာကောင်းပြီး မှတ်တမ်းကောင်းတွေရှိတဲ့ ကစားသမားတွေရဲ့ခြေရာကို နင်းနိုင်ဖို့မျှော်လင့် ကြောင်း နူနက်ဇ်က ပြောပါတယ်။
လီဗာပူးအသင်းမှာ နံပါတ် ၉ ဂျာစီဝတ်ဆင်ပြီး ဖေမီနို၊ တောရက်စ်၊ ရော်ဘီဖောင်လာတို့ ခြေစွမ်းပြခဲ့ပေမဲ့ အန်ဒီကာရိုးလ်၊ လာဂိုအက်စ်ပက်၊ ဘန်တီကီ အစရှိတဲ့ တိုက်စစ်မှူးတွေကတော့ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါတယ်။