Home
အားကစား
အာဂျင်တီးနားအမျိုးသမီးအသင်း ကမ္ဘာ့ဖလားပွဲ ကစားရမည်ကို ပရိသတ်အများစုမသိ
DVB
·
July 13, 2023
ArgintenafemaleFootball13072023

အာဂျင်တီးနား အမျိုးသမီးအသင်း ကမ္ဘာ့ဖလားဘောလုံးပွဲ ကစားရတော့မှာကို ပရိသတ်အများစုက မသိကြောင်း  အာဂျင်တီးနားအားကစားသတင်းထောက် လစ်ချနိုက်ဇာ က ပြောပါတယ်။

အာဂျင်တီးနားအမျိုးသမီးအသင်းဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားမှာ အီတလီ၊ တောင်အာဖရိက၊ ဆွီဒင်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပြီး ဇူလိုင် ၂၄ ရက်မှာ အီတလီနဲ့ အဖွင့်ပွဲ ကစားသွားရမှာပါ။

အာဂျင်တီးနားနိုင်ငံမှာ ဘောလုံးပရိသတ်တွေ အများကြီးရှိပေမဲ့ အမျိုးသမီးအသင်းကိုတော့ အားပေးမှုသိပ်မရှိကြောင်း၊ ကမ္ဘာ့ဖလားပွဲစဉ် ကစားရတော့မှာကို ရုပ်သံမီဒီယာတွေက ကြေညာတာမျိုး မရှိတာက ဝမ်းနည်းစရာဖြစ်ပြီး ပရိသတ်အများစုကလည်း မသိနိုင်ကြောင်း  TN ဒီပို့တီဗို မီဒီယာက လစ်ချနိုက်ဇာက ပြောပါတယ်။

ပွဲကစားရမယ့် အချိန်တွေကလည်း အာဂျင်တီးနားအချိန်နဲ့ဆိုရင်  မနက် ၃ နာရီ၊ ၄ နာရီတွေမှာ ကစားရမှာဖြစ်လို့ အာဂျင်တီးနားပရိသတ်တွေ အိပ်ရာကနေ ထကြည့်နိုင်မှာမဟုတ်ကြောင်း လစ်ချနိုက်ဇာက ပြောပါတယ်။

အာဂျင်တီးနားအမျိုးသမီးအသင်းဟာ ကမ္ဘာ့အဆင့် ၂၈ မှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်မှာ နိုင်ပွဲရယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024