စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းစတင်ခဲ့ပေမဲ့ အနာဂတ်ဆက်ရှိဖို့ မသေချာဖြစ်နေပါတယ်။
ဟယ်ရီကိန်းကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဒုတိယအကြိမ် ကမ်းလှမ်းထားပေမဲ့ စပါးအသင်းက လက်မခံသေးပါဘူး။
ဟယ်ရီကိန်းဘက်ကလည်း အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့က အသင်းနဲ့အတူ စတင်ပူးပေါင်းလေ့ကျင့်ခဲ့တာပါ။
ကိန်းအနေနဲ့ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိနေပြီး အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ရှိနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ သောမက်စ် တူချယ်ဟာလည်း လန်ဒန်က နေအိမ်မှာ ရောက်ရှိနေပြီး ဟယ်ရီကိန်းနဲ့ တိုက်ရိုက်စကားပြောဆိုနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဟယ်ရီကိန်းဟာ အသင်းနဲ့ တစ်နှစ်စာချုပ်သာ ကျန်ရှိတော့ပြီး ဘိုင်ယန်မြူးနစ်က ပေါင်သန်း ၇၀ ကျော်နဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။