လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ဟာ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ကစားမလား ဆိုတာ ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက်ချတော့မယ်လို့သိရပါတယ်။
ဟန်ဒါဆန်အနေနဲ့ လီဗာပူးအသင်းမှာ အနာဂတ်သိပ်မရှိနိုင်တော့ဘူးလို့ ယုံကြည်နေတာကြောင့် အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖက် အသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေတာပါ။
တစ်ဖက်မှာလည်း ယူရို ၂၀၂၄ ပြိုင်ပွဲကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဆက်လက်ရွေးချယ်ခံရခြင်းမရှိမှာကိုလည်း စိုးရိမ်နေသလို မိသားဝင်တွေဟာလည်း အရှေ့အလယ်ပိုင်းဒေသမှာ နေထိုင်ဖို့ အဆင်ပြေ မပြေဆိုတာကို ဟန်ဒါဆန်က ချင့်ချိန်နေတာပါ။
အယ်လ်အစ်တီဖက်အသင်းဟာ ဟန်ဒါဆန်အတွက် ၂ နှစ် စာချုပ်နဲ့အတူ လက်ရှိလုပ်ခထက် ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရရှိမယ်လို့ သိရပါတယ်။
ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့လက အသက် ၃၃ နှစ်ပြည့်ခဲ့ပြီး လီဗာပူးမှာ ဆက်ကစားနိုင်ဖို့ အချိန်အများကြီး မကျန်တော့တာကြောင့် အသင်းပြောင်းရွှေ့နိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုတွေလည်း ရှိပါတယ်။