Home
မြန်မာသတင်း
သိုင်းငင်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ PDF ရဲဘော် ၄ ဦးကျဆုံး
DVB
·
July 12, 2023
CDFcombatantFall12072023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာ စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစု‌တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်က စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့ CDF-CDM-Siyin အဖွဲ့ရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်က ထိခိုက်ကျဆုံးမှုများလို့ လေကြောင်းနဲ့ပစ်ကူတာဗျ။ ထိခိုက်ကျဆုံးမှု အ‌ရေအတွက်ကိုတော့ မသိခဲ့ရဘူး။ လက်နက်ခဲယမ်း‌အချို့ သိမ်းဆည်းရမိခဲ့တယ်၊ ကျနော်တို့ဘက်က ရဲဘော် ၄ ဦးကျတယ်။ ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်။ စစ်တပ်ဘက်က ကလေးဘက်ကနေလည်း လက်နက်ကြီးတွေပစ်ကူခဲ့တယ်။”

တိုက်ပွဲဖြစ်ပွားရာ သိုင်းငင်းကျေးရွာက ဒေသခံတွေကိုတော့ ဇွန်လကုန်ကတည်းကစ ဒေသခံကာကွယ်ရေးတပ်တွေဘက်က ရွှေ့ပြောင်းနေထိုင်ကြဖို့ အသိပေးထားတာပါ။

စစ်ကောင်စီဘက်ကလည်း ချင်းတောင်ကိုတက်တဲ့ ကလေး-သိုင်းငင်းလမ်းကို ဇူလိုင် ၃ ရက်နေ့ကစပြီး ပိတ်ထားခဲ့တာပါ။ သိုင်းငင်းကျေးရွာဟာ ဟားခါးမြို့ဘက်နဲ့ အိန္ဒိယဘက်ကိုသွားတဲ့ အဓိကကျတဲ့ လမ်းဆုံလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီစခန်းကို CDf CDM SIYIN, PDF Zoland, PDF Zoland B5(ME), CNDF, TCDF,KKG B7, PDA) နဲ့ PDF Kalay, S2 အဖွဲ့တွေ ပူးပေါင်းပြီး မွန်းတည့် ၁၂ နာရီအထိ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024