စပိန်ကမ်းခြေစောင့်တပ်တွေဟာ ဇူလိုင် ၁၀ ရက်က စပိန်နိုင်ငံရဲ့ ကနေရီကျွန်းစုတွေထဲက တခုဖြစ်တဲ့ ဂရန်းကနေရီယာ ကျွန်းစုအနီး မိုင် ၇၀ လောက်အကွာမှာ ရွှေ့ပြောင်းနေထိုင်သူ ၈၆ ဦးထက်မနည်းကို ကြားဖြတ် ကယ်ဆယ်ခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေး လေယာဉ်တစီးဟာ အမျိုးသား ၈၀ နဲ့ အမျိုးသမီး ၆ ဦးကို တင်ဆောင်လာတဲ့ သင်္ဘောကို တွေ့ရှိပြီးနောက်မှာ ပံ့ပိုးကူညီပေးဖို့အတွက် MSC Marta ကွန်တိန်နာသင်္ဘောကို အဲဒီဧရိယာဆီ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့တာပါ။
ရွှေ့ပြောင်းဒုက္ခသည်တွေကို ကမ်းခြေစောင့်တပ် သင်္ဘောတစင်းဆီကို လွှဲပြောင်းပေးခဲ့ပြီးနောက်မှာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ ဂရန်းကနေရီယာကျွန်းစုရှိ အာဂင်းန် နဂင်းန် ဆိပ်ကမ်းမှာ တွေ့ဆုံခဲ့ပါတယ်။
စပိန်အစိုးရရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလမှ ဇွန်လနှောင်းပိုင်းအတွင်း ကနေရီကျွန်းတွေဆီကို လူပေါင်း ၇,၂၁၃ ဦး ရောက်ရှိခဲ့ပြီး မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရပါတယ်။
Source - Reuters