အသင်းသစ်မှာ အမြင့်မားဆုံးခြေစွမ်းရဖို့ ဆက်လက်ကြိုးစားမယ်လို့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်ကြေညာဖို့ ရှိပါတယ်။
ဘယ်အသင်းကို ပြောင်းရွှေ့ကစားရသည်ဖြစ်စေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားဖို့ မရှိကြောင်း၊ ရောက်တဲ့အသင်းသစ်မှာ အမြင့်မားဆုံးခြေစွမ်းပြနိုင်ဖို့ ဆက်လက်ကြိုးပမ်းမှာ ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံမှာ ရောက်နေစဉ် ရုပ်သံတခုနဲ့ အင်တာဗျူးမှာ မက်ဆီက ပြောပါတယ်။
အမေရိကန်နိုင်ငံဆီ ပြောင်းရွှေ့ရမယ့်အပေါ် မိသားစုဝင်တွေကလည်း ပျော်ရွှင်နေကြပြီး စိန်ခေါ်မှုအသစ်၊ ပြောင်းလဲမှုအသစ်တွေကို ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေကြကြောင်း မက်ဆီက ပြောသွားပါတယ်။