Home
နိုင်ငံတကာ
ညစ်ညမ်းဓာတ်ပုံရိုက်ကူးခဲ့သည့် ဘီဘီစီရုပ်သံဝန်ထမ်း ရာထူးမှရပ်ဆိုင်းခံရ
DVB
·
July 12, 2023
BBCPresendter12072023

ဗြိတိန် ဘီဘီစီရုပ်သံဌာနက နာမည်ကြီးတင်ဆက်သူ အမျိုးသားဝန်ထမ်းတယောက်ဟာ ဆယ်ကျော်သက်တဦးအပေါ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဓာတ်ပုံတွေကို အခကြေးငွေပေးပြီး ရိုက်ကူးစေကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၉ ရက်က ရာထူးကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။

ဘီဘီစီ ကြယ်ပွင့်တင်ဆက်သူဟာ အဲဒီဆယ်ကျော်သက်ကို အသက် ၁၇ နှစ်မှာ စတင်ပြီး လိင်ပိုင်းဆိုင်ရာဓာတ်ပုံတွေရိုက်ဖို့ ပေါင်ထောင်ပေါင်းများစွာ ပေးခဲ့ကြောင်း စွပ်စွဲချက်တွေကြောင့် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေလက တိုင်ကြားမှုတခုကို စတင်သိရှိလာခဲ့ရကြောင်း၊ ဒါပေမဲ့ ဇူလိုင် ၆ ရက်မှာတော့ ကွဲပြားတဲ့ သဘောသဘာဝနဲ့ စွပ်စွဲချက်အသစ်တွေကို လုပ်လာခဲ့လို့ ပြင်ပအာဏာပိုင်တွေကို အကြောင်းကြားခဲ့ကြောင်း ဘီဘီစီရုပ်သံဌာနက ပြောပါတယ်။

လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ဘီဘီစီရုပ်သံဌာနမှ ကနဦးဆက်သွယ်မှု ရရှိထားပေမဲ့ တရားဝင်လွှဲပြောင်းပေးခြင်း သို့မဟုတ် စွပ်စွဲပြောဆိုခြင်းမျိုး မလုပ်ထားကြောင်း ပြောပါတယ်။

ဒီကိစ္စဟာ ရှုပ်ထွေးပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ အခြေအနေတွေဖြစ်ပြီး သင့်တော်တဲ့ နောက်အဆင့်တွေကို မှန်မှန်ကန်ကန် အသိပေးနိုင်စေဖို့ ဖြစ်ရပ်မှန်တွေကို အမြန်ဆုံး ဖော်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်လို့ ဘီဘီစီက ပြောပါတယ်။

အမည်မဖော်လိုသူ အမျိုးသားတင်ဆက်သူဟာ အဲဒီရုပ်ပုံတွေအတွက် ၃ နှစ်အတွင်း ဆယ်ကျော်သက်ကို ပေါင် ၃၅,၀၀၀ ကျော် ပေးချေခဲ့ကြောင်း ဒီစွပ်စွဲချက်ကို ပထမဆုံး သတင်းရေးသားခဲ့တဲ့ The Sun သတင်းစာက လူငယ်ရဲ့မိခင်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024