ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ယူကရိန်းတင်းနစ်မယ်ကို ရှုံးနိမ့်ခဲ့တဲ့ ဘီလာရုစ် တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ခံခဲ့ရပါတယ်။
ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှားဘက်ကနေတဲ့ ဘီလာရုစ်ကြောင့် ယူကရိန်းတင်းနစ်မယ် အယ်လီနာက ပွဲစတင်ကတည်းက လက်ဆွဲနှုတ်ဆက်ခြင်းမပြုဘဲ ယှဉ်ပြိုင်ခဲ့ကြတာပါ။
ပွဲငယ် ၄ ပွဲ ပြီးချိန်မှာတော့ ယူကရိန်းတင်းနစ်မယ် အယ်လီနာက ၂-၆ ၆-၄ ၇-၆ (၉) နဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲချိန်ပြီးဆုံးချိန်မှာ အဇာရန်ကာကို ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပြီး အဇာရန်ကာဘက်ကလည်း ပွဲကြည့်စင်ကို လှည့်ကြည့်ပြီး ရန်လိုတဲ့ပုံစံ ပြသခဲ့ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ယူကရိန်းတင်းနစ်မယ် အယ်လီနာဟာ ရုရှားနဲ့ ဘီလာရုစ်လူမျိုးတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ဆန္ဒမရှိခဲ့ကြောင်း၊ အဲဒီဆုံးဖြတ်ချက်ကို လေးစားမှုပေးရမှာဖြစ်လို့ ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်ဖို့ စောင့်နေတာမျိုးလည်း မလုပ်ခဲ့တာ ဖြစ်ကြောင်း အဇာရန်ကာက ဖြေရှင်းခဲ့ပါတယ်။
ဒါ့အပြင် လှောင်ပြောခဲ့ကြသူတွေဟာလည်း မူးနေတဲ့ပရိသတ်တွေသာဖြစ်ကြောင်း အဇာရန်ကာက ပြောသွားပါတယ်။