Home
နိုင်ငံတကာ
ယူကရိန်းတန်ပြန်ထိုးစစ် တိုးတက်မှု နှေးကွေးနေဟု သမ္မတ ဇလန်းစကီး ဝန်ခံ
DVB
·
July 10, 2023
Zelenskiy

၂၀၂၃ ခုနှစ် ဇွန်လအစောပိုင်းမှာ စတင်ခဲ့တဲ့ ရုရှားတပ်တွေအပေါ် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှုဟာ မျှော်လင့်ထားတာထက် တိုးတက်မှု နှေးကွေးနေတယ်လို့  သမ္မတ ဇလန်းစကီးက ပြောပါတယ်။

ဒီလို စစ်မြေပြင်ဆိုင်ရာ တိုးတက်မှု နှေးကွေးနေတဲ့အပေါ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက ဝန်ခံထားသလို ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးတန်းအရာရှိကလည်း ဒါကို သဘောတူပါတယ်။

အမေရိကန် အပါအဝင် တခြားမဟာမိတ်နိုင်ငံတွေက “သံမဏိတောင်” လို့ ခေါ်ဆိုတဲ့ လက်နက်မျိုးစုံ တပ်ဆင်ပေးမှုနဲ့အတူ တပ်ဖွဲ့ဝင်တွေကိုပါ လနဲ့ချီအောင် လေ့ကျင့်ပေးရင်း ယူကရိန်းအတွက် တည်ဆောက်ပေးနေခဲ့တာပါ။

ဒါပေမဲ့ ရုရှားဘက်ကလည်း ခံစစ်နေရာတွေကို လပေါင်းများစွာကြာအောင် ပြင်ဆင်နေခဲ့တာကြောင့် အရှေ့ပိုင်းနဲ့ တောင်ပိုင်း စစ်မျက်နှာတွေမှာ ယူကရိန်းရဲ့ ရှေ့တိုးချီတက်လာနိုင်မှုကို နှေးကွေးစေခဲ့ပါတယ်။

ရုရှားဟာ လက်နက်အပြည့်အစုံနဲ့ ခံစစ်နေရာကို တည်ဆောက်နေတဲ့အပြင် မြေမြှုပ်မိုင်းတွေနဲ့ပါ ဝန်းရံထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုဆိုင်ရာ နောက်ဆုံးကတိကဝတ်ထဲမှာ အကြီးအကျယ် တားမြစ်ထားတဲ့ အတွဲလိုက်ပစ် လက်နက်တွေကို ထောက်ပံ့ပေးသွားမယ့် အစီအစဉ်တွေ ပါဝင်နေပါတယ်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ကတော့ ဇူလိုင် ၈ ရက်နေ့အတွင်း အရှေ့တောင်ပိုင်းရှိ နယ်မြေအပိုင်းအခြား ၂ ခုမှာ ဆက်လက်ထိုးစစ်ဆင်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024