ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ဘာသာရေးဆရာ ၂၁ ပါးကို ပုပ်ရဟန်းမင်းကြီးရာထူး တင်မြှောက်ခွင့်ရှိတဲ့ ကာဒီနယ် ဘုန်းတော်ကြီး ရာထူးအဆင့် တိုးမြှင့်ပေးမယ်လို့ ဇူလိုင် ၉ ရက်မှာ ကြေညာပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီး ဒါမှမဟုတ် ရာထူးက နုတ်ထွက်ပြီးတဲ့နောက် သူ့နေရာကို ဆက်ခံမယ့်သူကို ရွေးချယ်မယ့် အဖွဲ့အတွက် သူ့အမှတ်အသားကို ထပ်မံထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
တင်မြှောက်မယ့် အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်မှာ ကျင်းပမယ်လို့ အသက် ၈၆ နှစ်အရွယ် ဖရန်စစ်က စိန့်ပီတာရင်ပြင်မှာရှိတဲ့ ဝတ်ပြုသူတွေနဲ့ ခရီးသည်တွေကို နေ့လယ်ဆုတောင်းပွဲအတွင်း ကြေညာ ပြောဆိုခဲ့တာပါ။
ရွေးချယ်ခံ ၂၁ ပါးထဲက ၁၈ ပါးဟာ အသက် ၈၀ နှစ်အောက်ဖြစ်နေလို့ လာမယ့် ပုပ်ရဟန်းမင်းကို ရွေးချယ်ရေး နောက်ဆုံးစည်းဝေးပွဲတခုကို ဝင်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။
ကျန်သုံးဦးကတော့ အသက် ၈၀ ကျော်နေပြီး အသင်းတော်မှာ သူတို့ရဲ့ ကာလကြာရှည် အမှုတော် ထမ်းဆောင်မှုအတွက် ကျေးဇူးတင်လို့ အမည်စာရင်း တင်သွင်းခဲ့တာလို့ ဆိုပါတယ်။
ကာဒီနယ် ဘုန်းတော်ကြီးအသစ်တွေကို အမေရိကန်၊ အီတလီ၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ စပိန်၊ ကိုလံဘီယာ၊ ပိုလန်၊ တောင်ဆူဒန်၊ ဟောင်ကောင်၊ ပိုလန်၊ တောင်အာဖရိက၊ မလေးရှား၊ တန်ဇန်းနီးယားနဲ့ ပေါ်တူဂီတို့ အပါအဝင် နိုင်ငံတွေကနေ ရွေးချယ်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Source - Reuters