ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ လူးကပ်စ် ဟာနန်ဒက်ဇ်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ ဇူလိုင် ၉ ရက်နေ့မှာ လီဂူးဝမ်းချန်ပီယံကလပ်ဘက်က အတည်ပြုပါတယ်။
အသက် ၂၇ နှစ်အရွယ် ဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမဲ့လည်း ယူရိုသန်း ၄၀ နဲ့အတူ အပိုဆုကြေးတွေ ပါဝင်တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။
၂၀၁၉ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းကို ရောက်လာခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ ပွဲပေါင်း ၁၀၇ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ ဒါပေမဲ့လည်း ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟာနန်ဒက်ဇ်အနေနဲ့ အရွတ်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီက ၇ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ရာသီကုန်အထိ အနားယူခဲ့ရပါတယ်။
ဟာနန်ဒက်ဇ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ပဉ္စမမြောက်ခေါ်ယူမှု ဖြစ်လာခဲ့ပြီး ရှေ့တန်းကစားသမား မာကို အဆန်စီယို၊ နောက်ခံလူ မီလန် စကင်ညာ တို့နဲ့အတူ ကွင်းလယ်ကစားတွေ ဖြစ်ကြတဲ့ လီကန်အင်းနဲ့ မန်ဝဲလ် ယူဂါတီ တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။
Source - Reuters