Home
မြန်မာသတင်း
အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်တွင်  ချင်းစစ်ရှောင် ၆၀,၀၀၀ ကျော် အထိရှိလာ
DVB
·
July 10, 2023
359379783_1607960536360102_4055712581520058248_n

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဖြတ်ကျော်ကာ  အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်မှာ စစ်ရှောင်နေသူ ချင်းတိုင်းရင်းသား ၆၀,၀၀၀ ကျော် အထိရှိလာတယ်လို့ စစ် ရှောင် တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ ထုတ်ပြန်ချက်အရ  ဒုက္ခသည် ၄၅၀၀၀ အထိသာ ရှိခဲ့ပေမဲ့  ယခု ၂၀၂၃ ခုနှစ် ဇွန်လလောက်မှာ ချင်းစစ်ရှောင်  ၆၀,၀၀၀ ကျော်အထိ မြင့်တတ်လာတာပါ။

မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေဟာ ကြုံရာကျပန်းလုပ်စားကြရင်း စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

စစ်ရှောင်တွေနဲ့ နီးစပ်သူ တဦးက “ဒီဘက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းက အရမ်းရှားပါးလာတယ် အရင်က ကြုံရာ အလုပ်လုပ်စားလို့ရတယ်။ အခုက ဝင်လာတဲ့သူက အရမ်းများပြီး အလုပ်က မပေးနိုင်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေကြောင့် ပြည်နယ်အတွင်းမှာလည်း အိုးအိမ်စွန့်ခွာ စစ်ရှောင် ၂ သိန်း ကျော်အထိ ရှိလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024