အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယယ်လန်ဟာ ကွဲလွဲနေတဲ့ အမေရိကန်-တရုတ် စီးပွားရေး ဆိုင်ရာ ဆက်ဆံရေးကို ပြန်ပြင်ဖို့ ရည်ရွယ်တဲ့ တရုတ်မြို့တော် ပေကျင်းဆီ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်ဟော့လိဖှုန်းနဲ့ ဇူလိုင် ၈ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ဝေဟင်ပိုင်နက်ထဲကို လမ်းကြောင်း လွဲသွားတဲ့ တရုတ် "လေသင်္ဘော"လို ဖြစ်ရပ် တွေကြောင့် နှစ်နိုင်ငံကြား ပြဿနာတွေ ဖြစ်ခဲ့တယ်လို့ ယယ်လန် က ပြောပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံဟာ နားလည်မှုလွဲမှားတာကို ရှောင်ဖို့ နီးနီးကပ်ကပ် ပြောဆိုဆက်ဆံဖို့ အရေးကြီးတယ်လို့လည်း ယယ်လန်က ပြောပါတယ်။
ဒီလိုဆောင်ရွက်မှသာ ကမ္ဘာ့စီးပွားရေး အလားအလာကို နှစ်ဖက်စလုံးက ပိုမိုနားလည် သဘော ပေါက်အောင် ကူညီပြီး စီးပွားရေး အားကောင်းစေဖို့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီ ပေးလိမ့်မယ်လို့ ယယ်လန်က ပြောပါတယ်။
အမေရိကန်-တရုတ် စီးပွားရေး ကွာဟချက်အကြောင်း ပြောဆိုနေပေမယ့် မကြာသေးမီက အချက်အလက်တွေအရ ကုန်သွယ်မှု ဆက်ဆံရေးဟာ အခြေခံအားဖြင့် ခိုင်မာနေပြီး မနှစ်က အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးဟာ ဒေါ်လာ ၆၉၀ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဟာ နားလည်မှု လွဲမှားတာတွေကို ရှောင်ဖို့ တရားမျှတမှုရှိရှိ ယှဉ်ပြိုင်ပြီး အနီးကပ် ဆက်သွယ်ရမယ်လို့လည်း ယယ်လန်က ပြောပါတယ်။
ယယ်လန်ဟာ တရုတ်ထိပ်တန်းအရာရှိတွေနဲ့ ဆက်တိုက် တွေ့ဆုံနေပြီး"စိန်ခေါ်မှုအမျိုးမျိုးကို တုံ့ပြန်ရာမှာ အမြင်ဖလှယ်ဖို့နဲ့ နီးနီးကပ်းကပ် ဆက်ဆံဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ယယ်လန်က တရုတ် ဒုဝန်ကြီးချုပ်ကို ပြောပါတယ်။
အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အောင်နိုင်သူ ချည်းကပ်မှု ဒါမှမဟုတ် စီးပွားရေးအရ အသာစီးရဖို့ ကြိုးပမ်းနေတာ မဟုတ်ဘဲ အချိန်ကြာလာတာနဲ့ အမျှ နှစ်နိုင်ငံစလုံး အတွက် အကျိုးရှိစေမယ့် "မျှတတဲ့ စည်းမျဉ်းတွေနဲ့ ကျန်းမာတဲ့ ပြိုင်ဆိုင်မှု ဖြစ်တာ သေချာစေဖို့ လုပ်နေတာလို့လည်း ယယ်လန်က ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
Source-Reuters