ဂျာမန်နီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့ ပေါင် သန်း ၇၀ ကျော်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။
ပေါင်သန်း ၆၀ အပါအဝင် ထပ်ဆောင်းပေးချေရမဲ့ ငွေကြေးတချို့နဲ့ ကမ်းလှမ်းခဲ့တဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ကိုတော့ စပါးအသင်း ပယ်ချခဲ့တာပါ။
ဘိုင်ယန်အသင်းရဲ့ ဒုတိယအကြိမ်းကမ်းလှမ်းချက်မှာ ကနဦးပြောင်း ရွှေ့ကြေးပေါင် ၆၈ သန်း အပါအဝင် ထပ်ဆောင်းပေးချေရမဲ့ ငွေကြေးတစ်စိတ်တစ်ပိုင်းလည်း ပါဝင်တယ်လို့ စကိုင်းစပေါ့ ဂျာမနီသတင်းမှာ ဖော်ပြပါတယ်။
စပါးအသင်းဘက်ကတော့ ဟယ်ရီကိန်းအသင်းနဲ့ အတူ လေ့ကျင့် ခန်းပြင်ဆင်းတော့မယ်လို့ ထုတ်ပြန်ထားပေမဲ့ ကစားသမားဖြစ်သူက ဘိုင်ယန်ရဲ့ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။
စပါးအသင်းဟာ ဟယ်ရီကိန်းနဲ့ သက်တမ်းတိုးဖို့ကိစ္စ အဆင်မပြေဘူးဆိုရင် လာမဲ့ရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွါခွင့် ပြုသွားရမှာ ဖြစ်ပါတယ်။