ဂျပန်နိုင်ငံအနောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန်ရွာနေလို့ ဟီရိုရှီးမားနဲ့ဟာကာတာဘူတာ ကြားရှိ ရထားပြေးဆွဲမှုကို ဆိုင်းငံ့ထားတယ်လို့ ဇူလိုင် ၉ ရက်နေ့မှာ အနောက် ဂျပန်မီးရထားကုမ္ပဏီက ၄င်းတို့ဝက်ဘ်ဆိုက်ကနေ ပြောပါတယ်။
ဂျပန်မိုးလေဝါသအေဂျင်စီက နိုင်ငံတဝန်းမိုးရာသီရှေ့ဆက်နေတာကြောင့် လာမယ့်အပတ်အထိ အနောက်နဲ့အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရာမာဂူချီနဲ့အနီးနားစီရင်စုတို့မှာ မြေပြိုမှုတွေနဲ့ ရေကြီးရေလျှံမှုတွေအတွက်သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ရာမာဂူချီစီရင်စုရှိ ရှီမိုနိုဆာကီမှာ ဇူလိုင် ၉ ရက်နေ့ မနက်မှာ တနာရီကို မိုးရေချိန် ၅၅ မီလီမီတာထိ ရောက်ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့အဓိကကျွန်းဖြစ်တဲ့ ဟွန်ရှူးကျွန်းကိုဖြတ်ပြီး မိုးရွာသွန်းနေတာကြောင့် ဂျပန် အနောက်ပိုင်းနဲ့ မြောက်ပိုင်းကြားဒေသတွေ အထူးသဖြင့် ဂျပန်ကမ်းရိုးတန်းဒေသတွေကို မိုးတိမ်တွေ သယ်ဆောင်လာတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီကပြောပါတယ်။
ဂျပန်နိုင်ငံအနောက်ပိုင်း ရာမာဂူချီ စီရင်စုမှာ ဇူလိုင် ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ ကား ၇ စီးပျက်စီးခဲ့ပါတယ်။
source. kyodonews