Home
မြန်မာသတင်း
ပဲခူးတိုင်းစစ်ဒေသခွဲ ၂ တွင် တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ်က အနည်းဆုံး ၁၇ ဦးသေ
DVB
·
July 9, 2023
357776123_207518412278123_3738141475794113292_n

ပဲခူးတိုင်းစစ်ဒေသခွဲ ၂ တောင်ပိုင်းမှာ ဇူလိုင် ၅ ရက်နေ့ကစလို့ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတောင်ပိုင်းစစ်ဒေသခွဲဆီကနေ သိရပါတယ်။

ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြောက်ကျားတပ်ဖွဲ့ဝင်တွေ နံဇရွာထိပ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ယောက် သေဆုံးပြီး ၁၀ ယောက်လောက်ကတော့ ထိခိုက်ဒဏ်ရာရလို့ ကျောက်တံခါးဆေးရုံမှာ ကုသနေတယ် လို့ ဆိုပါတယ်။

ဇူလိုင် ၆ ရက် ညနေပိုင်းမှာလည်း နံဇရွာနဲ့ ပေါက်ပင်ကုန်းကြား တံတားထိပ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံး၊ ၄ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းတွေအတွင်း အမှတ် ၂ စစ်ဒေသခွဲ၊ တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၁၇ ယောက်သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ဘက်က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပဲခူးတောင်ပိုင်း စစ်ဒေသခွဲဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဒေသခွဲ ၂ တောင်ပိုင်း၊ ညောင်လေးပင်ခရိုင်မှာ လတ်တလောအခြေအနေအရ ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက္တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်း စတဲ့ ကျေးရွာတွေက ဒေသခံ ၄၆၀၀ ကျော်ဟာ အသက်ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် လူဦးရေစာရင်း အတိအကျ မရသေးတဲ့ အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန္ကလေး၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ စတဲ့ကျေးရွာတွေနဲ့ တခြား အတည်မပြုနိုင်သေးတဲ့ ကျေးရွာတွေက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024