Home
အားကစား
မြန်မာယူ-၁၉အမျိုးသမီးအသင်း အုပ်စုအဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို အနိုင်ရ
DVB
·
July 9, 2023
347592297_196383943373001_2941453189280027215_n

၂၀၂၃ အာဆီယံအမျိုးသမီးယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်မြို့မှာ ဇူလိုင် ၈ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက ဖိလစ်ပိုင်ယူ-၁၉ အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိကစားနိုင်ခဲ့ပေမဲ့ ဖိလစ်ပိုင်အသင်းက  မိနစ်၄၀ မှာ အဝေးကန်ချက်နဲ့  သွင်းယူကာ ဦးဆောင်ဂိုးအရင်ရသွားပါတယ်။

ဒုတိယပိုင်းမှာ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတဲ့ မြန်မာအသင်းက ဆက်လက်တိုက်စစ်ဆင်ပြီး လိုအပ်နေတဲ့ချေပဂိုးနဲ့ အနိုင်ဂိုးတို့ကို ပွဲချိန် ၅၉ မိနစ်မှာ ဇင်မိုးပြည့်နဲ့ ပွဲချိန် ၇၅ မိနစ်မှာ ယှဥ်လွန်းအိမ်တို့က သွင်းယူခဲ့ပါတယ်။

မြန်မာ ယူ- ၁၉အမျိုးသမီးပါဝင်တဲ့ အုပ်စု(ဂ) မှာ ထိုင်းအသင်းက ရမှတ် ၃ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ မြန်မာအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယ၊ ဖိလစ်ပိုင်အသင်းက ရမှတ်မရှိ နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

အာဆီယံယူ-၁၉အမျိုးသမီးပြိုင်ပွဲမှာ အုပ်စု ၃ စုခွဲထားပြီး အုပ်စုပထမရသုံးသင်းနဲ့အ ကောင်းဆုံးဒုတိယရအသင်း တစ်သင်းသာ ခြေစစ်ပွဲအောင်မှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ ဆီးမီးဖိုင်နယ်တက်ဖို့ ထိုင်းကို အနိမ့်ဆုံးသရေကစားဖို့ လိုအပ်ပါတယ်။

မြန်မာအမျိုးသမီးယူ-၁၉အသင်းဟာ ဇူလိုင် ၁၀ ရက်နေ့ မြန်မာစံတော်ချိန်ည ၇ နာရီမှာ ထိုင်း ယူ-၁၉အမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024