ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော် အရှေ့ဘက်က အန်တီပိုလိုဒေသမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပူပိုင်းမုန်တိုင်း ယာဂီရဲ့ဒဏ် ခံခဲ့ရသူတွေကို စက်တင်ဘာ ၃ ရက်မှာ ဆက်ရှာနေကြပြီး နောက်ထပ်လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
မုန်တိုင်း ယာဂီဟာ အော်ရိုရာပြည်နယ် အရှေ့ပိုင်း ကာစီဂူရန်ကနေ စက်တင်ဘာ ၂ ရက်က ကုန်းတွင်းဝင်ရောက်ခဲ့တာပါ။
ယာဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး မနီလာနဲ့ အနီးနားပြည်နယ်တွေမှာ အင်္ဂါနေ့က ဆိုးရွားတဲ့ ရာသီဥတုကြောင့် ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားခဲ့ရပါတယ်။
ယာဂီမုန်တိုင်းဟာ တနာရီကို ၇၅ ကီလိုမီတာ (၄၇ မိုင်) နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်ကနေ အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
Source-Reuters