မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပ ယူ-၂၁ ဘောလုံပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်က စပိန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလားရရှိသွားပါတယ်။
အင်္ဂလန် ယူ-၂၁အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပွဲပြီးခါနီးမှာ မန်စီးတီးလူငယ်ပေါလ်မာရဲ့ ဖရီးကစ်ကန်ချက်က ကာတစ်ဂျုံးစ်ကို ထိမှန်ပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာပါ။
ပွဲပြီးခါနီးမှာ စပိန်အသင်းက ပင်နယ်တီရရှိခဲ့ပေမဲ့ ဘရာဂါတိုက်စစ်မှူး အေဘယ်ရုဇ်ရဲ့ ကန်ချက်ကို အင်္ဂလန်ဂိုးသမား ထရတ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပါတယ်။
အင်္ဂလန်ယူ-၂၁ အသင်းအနေနဲ့ အခုပြိုင်ပွဲမှာ ၁၉၈၄ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာပါ။
အင်္ဂလန်ယူ ၂၁ အသင်းကို ဘရန့်ဖို့ဒ်နဲ့ ဘာမင်ဂမ်အသင်းတွေကို တာဝန်ယူခဲ့တဲ့ အိုင်ယာလန်နည်းပြ လီးကာစလေက တာဝန်ယူကိုင်တွယ်ခဲ့တာပါ။
အင်္ဂလန် ယူ ၂၁အသင်းဟာ ပြိုင်ပွဲတလျှောက်က စားခဲ့သမျှ ပွဲစဉ် ၆ ပွဲစလုံးအနိုင်ရခဲ့တာဖြစ်ပြီး ပေးဂိုးလည်း တစ်ဂိုးမှ မပေးခဲ့ရဘဲ ချန်ပီယံဖြစ်ခဲ့တာပါ။