ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ပါနမ်ဘူကိုပြည်နယ်မှာ ဇူလိုင် ၇ ရက်က အဆောက်အအုံ တခု ပြိုကျခဲ့လို့ အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေတယ်လို့ အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ပြည်နယ်မြို့တော် Recife ရဲ့ အစွန်အဖျားက Janga ရပ်ကွက်မှာ ကြုံလိုက်ရတဲ့ အဖြစ်ဆိုးကနေ အသက်ရှင်ကျန်နိုင်မယ့်သူတွေကို ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေအောက်မှာ ထပ်မံရှာဖွေဖို့ ကြိုးစားနေကြပါတယ်။
မီးသတ်သမားတွေက လူ ၃ ယောက်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
အပျက်အစီးတွေထဲမှာ လူ ၁၀ ယောက်လောက် ရှိနေလိမ့်မယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ခန့်မှန်း ပြောဆိုကြပါတယ်။
ပြိုကျရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ လူဦးရေ ၁ သန်းခွဲလောက် နေထိုင်တဲ့ ကမ်းရိုးတန်းမြို့မှာ မကြာသေးခင် ရက်တွေအတွင်း မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့ပါတယ်။
Source-Reuters