Home
မြန်မာသတင်း
လီလီနိုင်ကျော် သေဆုံးမှု၌ ဖမ်းဆီးခံရသူ ၂ ဦး ထွက်ပြေးသဖြင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီး
DVB
·
July 8, 2023
347413607_10159535831352913_7050803564631758062_n

အဆိုတော် လီလီနိုင်ကျော် သေဆုံးမှုနဲ့ပတ်သက်လို့ ဖမ်းဆီးထားသူ ၂ ယောက်ကို ဇူလိုင် ၆ ရက် ည ၁၁ နာရီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကောင်းဇာနည်ဟိန်းနဲ့ ကျော်သူရတို့ကို သက်သေပစ္စည်းရှာဖွေဖို့ စစ်ကြောရေးက ခေါ်လာစဉ် မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်၊ မောင်းမကန်လမ်းမပေါ်အရောက် ထွက်ပြေးတာကြောင့် အခုလို ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

"ဖြစ်တာက မနေ့ညက မောင်းမကန်လမ်းဘက်မှာ ပစ်ခတ်မှုဖြစ်တယ်။ စစ်ကြောရေးကနေ ခေါ်လာတဲ့ ကောင်လေးနှစ်ယောက် ထွက်ပြေးလို့ ပစ်ဖမ်းတာတဲ့။ သေသွားတဲ့ ကောင်လေးနှစ်ယောက်က လီလီနိုင်ကျော်အမှုက ကောင်လေးတွေလို့ စစ်တပ်က ပြောတယ်"

သေဆုံးသူနှစ်ယောက်ကို မင်္ဂလာဒုံအမှတ် ၁ ခုတင် ၁၀၀၀ ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူတွေဟာ ရန်ကုန်အခြေစိုက် UG အဖွဲ့ တခု ဖြစ်တဲ့ Special Task Force  က ကိုကောင်ဇာနည်ဟိန်း(ခ) လပြည့်နဲ့ ကျော်သူရ(ခ) အီးတီဖြစ်တယ်လို့ ရဲအရာရှိတယောက်နဲ့ နီးစပ်သူက အတည်ပြုပါတယ်။

"တယောက်က သေနတ်နဲ့သုံးချက်မှန်တာ။ တယောက်က လေးချက်မှန်တယ်။ အမှတ် ၁ ခုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့လိုက်တာ။ ရဲဆေးစာတောင် ရေးပေးရတယ် ။တပ်က လက်နက်တွေ ရှာရင်း ထွက်ပြေးလို့ ပစ်တယ်လို့စာတင်ထားတယ်"

မေ ၃၀ ရက်က ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက် ရန်အောင်လမ်းမှာ နေအိမ်ကို ကားနဲ့ပြန်လာတဲ့ အမျိုးသားရေးလှုပ်ရှားသူ အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ Special Task Force STF အဖွဲ့က ကိုကောင်ဇာနည်ဟိန်း(ခ)လပြည့်နဲ့ ကျော်သူရ(ခ)အီးတီ တို့ကို ဇွန် ၄ ရက်က မရမ်းကုန်းမြို့နယ်နဲ့ မဂ်လာဒုံမြို့နယ်မှာ  ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါ တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024