ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေကိုခေါ်ယူဖို့ အသင်းသုံးသင်းကသာ တက်နိုင်ကြောင်း ပြင်သစ်ထိပ် တန်းအေးဂျင့်တစ်ဦးဖြစ်သူ ဘရူနိုဆက်တန် ကပြောပါတယ်။
အမ်ဘာပေဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းပြောင်းရွှေ့မယ်လို့ အတည်ပြု ထားတာပါ။
ဒါပေမဲ့ အမ်ဘာပေအနေနဲ့ ကလပ်အသင်းသုံးသင်းဆီသာ ပြောင်းရွှေ့နိုင်ပြီး တခြား အသင်းတွေအနေနဲ့ ငွေကြေးတတ်နိုင်မှာမဟုတ်ကြောင်း ထိပ်တန်းအေးဂျင့် ဆက်တန်ကဆိုပါတယ်။
“ အမ်ဘာပေအတွက် ဈေးနှုန်းတစ်ခုပေးချေနိုင်ဖို့ဆိုတာခက်ခဲပါတယ်။ သာမန်ကလပ်အသင်းတစ် သင်းအနေနဲ့ ပေါင်သန်း ၁၇၀ ကိုပေးချေနိုင်မယ်လို့မထင်ပါဘူး။ ကျနော့် အမြင်ပြောရရင် မန်ချက်စတာစီးတီး၊ နယူးကာဆယ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကပဲ ခေါ်ယူဖို့ တက်နိုင်လိမ့်မယ်”လို့ အေးဂျင့် ဘရူနိုဆက်တန်ကပြောပါတယ်။
အမ်ဘာပေရဲ့ အမှန်တကယ်ရှိသင့်တဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၈၅ သန်းကနေ သန်း ၁၃၀ ကြားသာရှိပေမဲ့ ဆုကြေးတွေပါထပ်ပေါင်း မယ်ဆိုရင် ပေါင်သန်း ၁၇၀ လောက်ကုန်ကျမှာဖြစ်တယ်လို့ အေးဂျင့် ဘရူနိုဆက်တန်က မှတ်ချက်ပေးပါတယ်။