တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ အရှေ့ဘက် ဘော့စ်ဘာ့ဂ်မြို့နားက ကျူးကျော်ရပ်ကွက်ထဲမှာ ဓာတ်ငွေ့ယိုစိမ့်ပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရ အကြီးအကဲက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
တောင်အာဖရိကနိုင်ငံ ဂေါက်တိန်ခရိုင် ဥက္ကဋ္ဌ နခူလူလေကို ဒွန်ဂါက အခင်းဖြစ်ပွားရာ နေရာဆီ သွားနေချိန်မှာ ဘယ်လိုဓာတ်ငွေ့အမျိုးအစား ပါဝင်နေတာကို သိရှိနိုင်ဖို့ စုံစမ်းနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အစောပိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်လို့ လူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ ကပ်ဘေးနဲ့ အရေးပေါ် စီမံခန့်ခွဲမှုဌာန ပြောခွင့်ရကို ကိုးကားပြီး SABC သတင်းဌာနက ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒီအရေအတွက်က မမှန်ဘူးလို့ ယူဆခဲ့တာပါ။
ဓာတ်ငွေ့ယိုစိမ့်တာဟာ တရားမဝင် သတ္တုတူးတဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်လို့ တောင်အာဖရိက မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။
Source - Reuters