Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ကရင်နီကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်
DVB
·
July 5, 2023
357375791_1385024325390865_5865959981573432014_n

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေက အာဏာသိမ်းခံရပြီးနောက်ပိုင်းကနေ ဒီနေ့အချိန်အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

“ပန်းချီဆွဲတာ သေနတ်ပုံ၊ လေယာဥ်ပုံတွေဆွဲတယ်။ ဝါးသေနတ်၊ သစ်သားသေနတ် အမြဲလွယ်ထားတယ်၊ ဆော့ရင်လည်း စစ်တိုက်တမ်းပဲဆော့တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးသူတယောက်က ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက “ကျမသားလေးက ပြောတယ်၊ သား ကျောင်းတက်ရမယ်နော် ဆိုတော့ သားက စာသင်စရာမလိုဘူးလေ၊ သားက စစ်တိုက်ရမှာလေ မေမေတဲ့၊ ဆော့ရင်တောင် သေနတ်ပစ်တမ်းပဲ ဆော့တယ်”လို့ ပြောပါတယ်။

အနာဂတ်ရည်မှန်းချက်အနေနဲ့ ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးတဲ့အခါမျိုးမှာလည်း ရဲဘော်ကြီး လုပ်မယ်ဆိုတဲ့ အဖြေမျိုးကိုပဲ ဖြေကြားတာများပြီး တခါတရံမှာ အဝေးကိုကြည့်ပြီး ငေးငိုင်နေတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ဘေးရှောင်ရတဲ့ ပြည်သူ ၂ သိန်းခွဲ ကျော်ရှိနေပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်အရေအတွက်ကလည်း ကြီးမားတဲ့ ရာခိုင်နှုန်းတခုအနေနဲ့ ပါဝင်နေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024