Home
နိုင်ငံတကာ
ရုရှားစစ်တပ်သို့ တပ်သားသစ် ၁၈၅,၀၀၀ ခန့် ဝင်ရောက်
DVB
·
July 5, 2023
Medvedev
DVB-News-730x365-1

ရုရှားစစ်တပ်မှာ စစ်သားသစ် ၁၈၅,၀၀၀ ယောက်ဟာ အခုနှစ်စကတည်းက ကျွမ်းကျင်အဆင့် စာချုပ်နဲ့ အမှုထမ်းတဲ့ စစ်သားတွေအဖြစ် ဝင်ရောက်လာခဲ့ကြတယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၄ ရက်နေ့အထိ လက်နက်ကိုင်တပ်ဖွဲ့ဝင် ဦးရေ ၁၈၅,၀၀၀ ကျော် လက်ခံခဲ့ကြောင်းနဲ့ အဲဒီအထဲက လူ ၁၀၉,၀၀၀ လောက်ဟာ အရန်စာရင်းထဲမှာ ရှိနေပြီးတော့ စာချုပ်အရ အမှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့ တခြားနိုင်ငံသား အမျိုးအစားတွေလည်း ရှိပါတယ်လို့ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မက်ဗီဒက်က ပြောပါတယ်။

ဝဂ္ဂနာအုပ်စု ကြေးစားတပ်ဖွဲ့ရဲ့ တပ်တွင်းပုန်ကန်မှု ပြိုကွဲသွားပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို ပုံမှန်စစ်သားအဖြစ် အမှုထမ်းဖို့ ရွေးချယ်ခွင့် ပေးခဲ့ပြီးနောက်မှာ  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူသစ်စုဆောင်းမှု ၁၀,၀၀၀ လောက် ပါဝင်ခဲ့ကြောင်း တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ သမ္မတဟောင်း မက်ဗီဒက်က ပြောပါတယ်။

“လက်နက်ကိုင်ပုန်ကန်ဖို့ ကြိုးပမ်းမှုဟာ အထူးစစ်ရေး စစ်ဆင်ရေးဇုန်မှာ စာချုပ် ချုပ်ဆို အမှုထမ်းမယ့် နိုင်ငံသားတွေရဲ့ သဘောထား မပြောင်းလဲဘူးဆိုတာကို အထူးသတိပြုစေချင်ပါတယ်။”

စာချုပ်အမှုထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ သမ္မတအတွက်နဲ့ နိုင်ငံတော်အတွက် မြင့်မြင့်မားမား ပံ့ပိုးကူညီမှုကို ပြသကြပြီး အမိမြေကိုကာကွယ်ဖို့ အသင့်ဖြစ်နေပါပြီလို့ ဆိုပါတယ်။

မက်ဗီဒက်ဟာ အခုနှစ်အစောပိုင်းက ရုရှားပြည်တွင်း စစ်သားစုဆောင်းရေးမှာ ကြီးကြပ်ကွပ်ကဲတဲ့ အခန်းကဏ္ဍအတွက် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024