ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက်နိုင်ခြေမြင့်မားတဲ့ တီဘီရောဂါ ပြန်လည်ရှင်သန်မြင့်မားလာတာကြောင့် တီဘီရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး ဟာဘိုဆာက “နိုင်ငံဟာ တီဘီရောဂါ ဝန်ထုပ်ဝန်ပိုး မြင့်မားတဲ့ ထိပ်တန်းနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ၁ သန်းခန့်က လက်ရှိမှာ တီဘီရောဂါ ဖြစ်ပွားနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဖြစ်ပွားမှု မြင့်တက်လာတာ” လို့ ပြောပါတယ်။
ကျန်းမာရေးဌာနက ဆင်းရဲနွမ်းပါးတဲ့ အသိုက်အဝန်းတွေ၊ အလုပ်ခွင်တွေ၊ လူစည်းကားတဲ့ အကျဥ်းထောင်တွေ၊ လူနေအိမ်တွေ၊ ပြုစုစောင့်ရှောက်ရေး အဆောက်အအုံတွေနဲ့ ကျန်းမာရေး အထောက်အကူပြု အဆောက်အအုံတွေမှာ တီဘီရောဂါရှာဖွေမှုတွေကို တက်ကြွစွာလုပ်ဆောင်သွားမှာဖြစ်ပြီး အများပြည်သူသိရှိဖို့နဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ စည်းရုံးလှုံ့ဆော်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၂ အစီရင်ခံစာအရ တကမ္ဘာလုံးမှာ တီဘီရောဂါ ကူးစက်ခံရသူ ၁၀ ဒသမ ၆ သန်း ရှိခဲ့ပြီး အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ အများဆုံး ဖြစ်ပွားခဲ့ကာ ၂၀၂၁ ခုနှစ် တနှစ်တည်းမှာ တီဘီရောဂါကြောင့် ၁ ဒသမ ၄ သန်းခန့် သေဆုံးခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံတို့နဲ့အတူ တီဘီရောဂါကြောင့် သေဆုံးနိုင်ခြေ မြင့်မားတဲ့ နိုင်ငံတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။
source.xinhua