ပြင်းထန်တဲ့အပူချိန်နဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် ရုရှားနိုင်ငံ အရှေ့ဖျားဒေသက နေရာအများအပြားမှာ တောမီးလောင်ကျွမ်းနေတာကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ဝန်ထမ်းတွေရဲ့ ဗီဒီယိုဖိုင်ကို ရုရှားအရေးပေါ်ဌာနက ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ဆိုက်ဘေးရီးယားနဲ့ အရှေ့ဖျားဒေသတွေမှာ နွေရာသီတိုင်း တောမီးတွေ လောင်ကျွမ်းလေ့ရှိပြီး ဒေသက ကျယ်ပြောနေလို့ မီးသတ်သမားတွေ သွားဖို့ ခက်ခဲလေ့ ရှိပါတယ်။
ရုရှားနိုင်ငံ အရှေ့ဖျားဒေသက အာဏာပိုင်တွေဟာ တောမီးကြောင့် ဇူလိုင် ၃ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ယာကူတီယာလို့ သိကြတဲ့ ဒေသတခုဖြစ်တဲ့ ဆာခါ သမ္မတနိုင်ငံရဲ့ အကြီးအကဲက နယူးယောက်စီးတီးရဲ့ အကျယ်အဝန်း လေးပုံသုံးပုံလောက်ရှိတဲ့ ဧရိယာနဲ့ တူညီတဲ့ သူ့နယ်မြေအတွင်း ဟက်တာ ၆၁,၀၀၀ လောက် တောမီးလောင်ကျွမ်းခဲ့တယ်လို့ တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။