ဥရောပရဲ့ မိုးလေဝသဂြိုဟ်တုပေါ်မှာ တပ်ဆင်ထားတဲ့ လျှပ်စီးပုံရိပ်ဖမ်းစက်ကနေ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စုဆောင်းထားတဲ့ ကမ္ဘာတဝန်းမှာ ပျံ့နှံ့နေတဲ့ မိုးကြိုးတွေကို အန်နီမေးရှင်းမှာ ပြသထားပါတယ်။
ဂြိုဟ်တုရဲ့ လျှပ်စီးပုံရိပ်ဖမ်းစက်ဟာ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကတို့ရဲ့ အစိတ်အပိုင်းတွေကို ဖုံးအုပ်ထားတဲ့ ကင်မရာလေးလုံး ပါပါတယ်။
မိုးလေဝသဂြိုဟ်တုတွေ အသုံးချခြင်းအတွက် ဥရောပအဖွဲ့အစည်း အီးယူ မတ်ထ် ဆက်ထ် (EU MET SAT) ရဲ့ ရည်ရွယ်ချက်က မြေပြင်ကနေ စူးစမ်းလေ့လာနိုင်စွမ်းကို ကန့်သတ်ထားတဲ့ မိုးလေဝသဝန်ဆောင်မှုတွေအတွက် သတင်းအချက်အလက် ပေးပို့ဖို့ ဖြစ်ပါတယ်။
တမိနစ်အတွင်း လျှပ်စီးလက်တဲ့ အတိုင်းအတာကို စုဆောင်း ဖန်တီးယူထားတဲ့ ပုံရိပ်တွေ ဒီအန်နီမေးရှင်းထဲမှာ ပါပါတယ်။
ဒါဟာ လျှပ်စီးပုံရိပ်ဖမ်းစက်ကနေ ကမ္ဘာကြီးပေါ်က တချိန်တည်းမှာဖြစ်နေတဲ့ ပုံရိပ်ကို လွှမ်းမိုးထားတာလို့ အီးယူမတ်ထ်ဆက်တ်က သူ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရှင်းပြထားပါတယ်။