Home
နိုင်ငံတကာ
“Barbie” ရုပ်ရှင်ဇာတ်ကားကို ဗီယက်နမ်တွင် ပြသခွင့်ပိတ်
DVB
·
July 5, 2023
Barbie movie

အမေရိကန် ရုပ်ရှင်နဲ့ ဖျော်ဖြေရေးစတူဒီယို Warner Bros (WB) က ရိုက်ကူးတဲ့ “Barbie” ဇာတ်ကားဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ပေကျင်းရဲ့ တဖက်သက်ပိုင်ဆိုင်တဲ့ ပိုင်နက်နယ်မြေကို ဖော်ပြခဲ့လို့ ဗီယက်နမ်မှာ ပြသခွင့်ပိတ်ခဲ့တာကို ဇူလိုင် ၃ ရက်က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ လူနဲ့​ပြန်သရုပ်ဆောင်ထားတဲ့ “Barbie” ဇာတ်ကားဟာ မြေပုံနဲ့ “နိုင်းဒက်ရှ်လိုင်း” ကို​​ ပြသတဲ့ ဇာတ်ဝင်ခန်းတခု ပါရှိပြီး တရုတ်မြေပုံကို အသုံးပြုကာ တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်း အများအပြားကို သရုပ်ဖော်ခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုကို ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာတရားရုံးနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်သွင်းခဲ့​ပြီး ရလဒ်အနေနဲ့ တောင်တရုတ်ပင်လယ် အများစုအတွက် တရုတ်ရဲ့ တောင်းဆိုတာကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ပေကျင်းက စီရင်ချက်ကို လက်မခံခဲ့ပါဘူး။

တောင်တရုတ်ပင်လယ်ဟာ အရှေ့တောင်အာရှရှိ ကုန်သွယ်မှုရဲ့ အဓိကသွေးကြောတွေကို ဆက်သွယ်ပေးကာ အရေးကြီးတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပါတယ်။

“Barbie” ဇာတ်ကားကို ဇူလိုင် ၂၁ ရက်က ဗီယက်နမ်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ စီစဥ်ထားပေမဲ့ တားမြစ်လိုက်လို့ ရုပ်ရှင်ရုံတွေမှာပြသမယ့် ဇာတ်ကားစာရင်းကနေ ဖယ်ရှားလိုက်တာကို ဗီယက်နမ်နိုင်ငံပိုင်သတင်းစာ Tuổi Trẻ က ဖော်ပြခဲ့ပါတယ်။

“Barbie” ဇာတ်ကားဟာ “နိုင်းဒက်ရှ်လိုင်း” ကို ပြသတဲ့ မြေပုံရဲ့ပုံရိပ်တွေပါဝင်လို့ ဗီယက်နမ်မှာ ပိတ်ပင်ခံရတဲ့ ပထမဆုံးရုပ်ရှင်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်က တွမ်ဟော်လန့် ရိုက်ကူးခဲ့တဲ့ “Unchartered” နဲ့ ၂၀၁၉ က DreamWorks ရိုက်ကူးခဲ့တဲ့ “Abominable” ဇာတ်ကားတွေလည်း တူညီတဲ့ အကြောင်းပြချက်နဲ့ အရင်နှစ်က တားမြစ်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024