ရီးရဲလ်မက်ဒရစ်အသင်းဟာ တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်ကို စာချုပ်သစ် ချုပ်ဆိုခဲ့ရာမှာ စာချုပ် ဖျက်သိမ်းကြေး ယူရို တစ်ဘီလီယံ ထည့်သွင်းချုပ်ဆိုလိုက်ပါတယ်။
ဘရာဇီးလက်ရွေးစင် ဗင်နီဆီးယက်စ်ကို ရီးရဲလ်အသင်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာပါ။
အနာဂတ်မှာ ဆော်ဒီကလပ်တွေရဲ့ ခေါ်ယူမှုတွေကို ဟန့်တားလိုတဲ့သဘောနဲ့ စာချုပ်ဖျက်သိမ်းကြေးကို ယူရို တစ်ဘီလီယံအထိ ထည့်သွင်းချုပ်ဆိုခဲ့တာလို့ စပိန်သတင်းစာ AS ကဖော်ပြပါတယ်။
အသက် ၂၂ နှစ်ရှိ တောင်ပံတိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ်က ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၂၅ ပွဲမှာ ၅၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ဟာဇက် ထွက်ခွာသွားလို့ လစ်လပ်နေတဲ့ ကျောနံပါတ် ၇ ကို ဗင်နီဆီးယက်စ်ကို ဝတ်ဆင်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။