ဂျာမနီနိုင်ငံနဲ့ ပိုလန် နှစ်နိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့ ငါးတန် ရာပေါင်းများစွာ သေဆုံးစေတဲ့ လေထုညစ်ညမ်းမှုကို ရပ်တန့်ဖို့ ပိုလန်က ပျက်ကွက်ခဲ့တယ်လို့ ဇူလိုင် ၃ ရက်မှာ ဂျာမနီအစိုးရက ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုမှာ ဘာလင်နဲ့ ဝါဆောကြား မကျေလည်မှုတွေ ဖြစ်ပွားခဲ့ပြီး ပိုလန်ရဲ့ မြစ်ထဲကို ဓာတုစွန့်ပစ်မှုကြောင့် ရေညှိကြီးထွားမှု မြင့်တက်ခဲ့ပြီး ငါးတွေ သေဆုံးခဲ့တယ်လို့ ဂျာမနီက အပြစ်တင်ခဲ့ပါတယ်။
ပိုလန် ကျောက်မီးသွေးတွင်းတွေက ရေဆိုးတွေဟာ တာဝန်အရှိဆုံးဖြစ်နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Greenpeace က ပြောပါတယ်။
ဂျာမန် ပတ်ဝန်းကျင်ဌာနမှ ပြောရေးဆိုခွင့်ရှိသူက “အိုဒါမြစ်ထဲကို ဆားတွေ ဆက်လက် ထုတ်လွတ်နေတုန်းပါပဲ။ ဆားထုတ်လွှတ်မှုကို ကန့်သတ်ဖို့ ပိုလန်ကို အကြောင်းကြားပေမယ့် တုံ့ပြန်မှုမရှိသေးဘူး” လို့ ပြောပါတယ်။
အလားတူ ငါးသေဆုံးမှုတွေဟာ အခုနွေရာသီမှာ ထပ်မံဖြစ်ပွားနိုင်သော်လည်း ရေပမာဏနဲ့ အပူချိန်မြင့်မားမှုဟာ ရေညှိတွေဖြစ်ပေါ်မှုပေါ် မူတည်နိုင်ပါတယ်။
“လောလောဆယ် လက္ခဏာတွေက မကောင်းပါဘူး။ ငါးတွေ အခုတစ်ခါ သေသလို နောက်တစ်ခါ ထပ်ဖြစ်နိုင်မလား၊ အခြေအနေတွေလည်း မေးခွန်းထုတ်စရာပဲ”လို့ ပိုလန်ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီဌာနမှ ပြောရေးဆိုခွင့်ရှိသူ အလက်ဇန္ဒားဘာဇော့ကာက ပြောပါတယ်။
ဂျာမန်အရာရှိတွေဟာ အခြား သဘာဝပတ်ဝန်းကျင်ကပ်ဆိုးတွေရဲ့ အန္တရာယ်ကို သတိပြုမိဖို့ ပိုလန်နိုင်ငံ အရာရှိတွေကို ဆက်သွယ်ပြီး ပြောခဲ့ပါတယ်။
source. AP