ထိုင်ဝမ်စစ်တပ်ဟာ ဇူလိုင် ၃ ရက်က သူရဲ့ ဗျူဟာမြောက် တောင်ပိုင်းကမ်းရိုးတန်းမှာ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်ခဲ့ပြီး ကမ်းနီးပစ်မှတ်တွေကို ဖျက်ဆီးဖို့ ရွေ့လျား သံချပ်ကာယာဉ်တွေက ဒုံးကျည်တွေကို ပစ်ခတ်ခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် တရုတ်နိုင်ငံက အခိုင်အမာ ပြောနေခဲ့တာပါ။
သူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာတောင်းဆိုဖို့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း စစ်ရေးအရ ဖိအားတွေ တိုးမြင့်လာခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တရုတ်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ပုံမှန် လေ့ကျင့်လုပ်ဆောင်နေပါတယ်။
ထိုင်ဝမ်စစ်တပ်က ပင်တုံခရိုင် ဖန်းရှန်းကျွန်းရဲ့ တောင်ဘက်စွန်းနားက ကမ်းရိုးတန်း စစ်ရေး လေ့ကျင့်ရာ နေရာတဝိုက်မှာ ကြီးစိုးခဲ့တာပါ။
ပစ်မှတ်တွေကို ဖျက်ဆီးဖို့ အမေရိကန်လုပ် TOW တင့်ဖျက်ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ပါတယ်။
ထိုင်ဝမ်ကို ဖိလစ်ပိုင်နဲ့ ပိုင်းခြားထားတဲ့ ထိုင်ဝမ်ရေလက်ကြား၊ တောင်တရုတ်ပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာနှင့် Bashi ရေလက်ကြားတို့ကို ကြည့်ရှုပြီး တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုနဲ့ ကျူးကျော် ဝင်ရောက် လာနိုင်တဲ့ အလားအလာတွေကို စောင့်ကြည့်ဖို့ ဖှုန့်ရှန်းအပြည်ပြည် ဆိုင်ရာ လေဆိပ်ဟာ မဟာဗျူဟာမြောက် နေရာတခု ဖြစ်လာပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ ထိန်းချုပ်မှုအောက်ပြန်ဆောင်ကြဉ်းဖို့ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
ထိုင်ဝမ်အစိုးရကလည်း တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ငြင်းဆို ထားပြီး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ကာကွယ် သွားမယ်လို့ ကတိပြုထားပါတယ်။
Source-Reuters