မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၃ ရက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံတဝန်း သီတင်းပတ်များစွာကြာအောင် ပြင်းထန်တဲ့ ရာသီဥတုတွေ ဆက်ဖြစ်နေလို့ လူအများကြီး စိတ်ဆင်းရဲ ခဲ့ရပြီး အဆုံးသတ်မယ့် အရိပ်အယောင် မပြသေးဘူးလို့ တရုတ်အစိုးရ မီဒီယာက ဆိုပါတယ်။
ယူနန်ပြည်နယ်၊ ကျန်းရှောင်းခရိုင်က ရေကြီးခဲ့တဲ့ တံတားအခြေမှာ ပျက်စီးနေတဲ့ ကားတွေ တံတား အောက်မှာ စုပုံနေတာကို ရိုက်တာသတင်းဌာနက ရတဲ့ မျက်မြင်သက်သေက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရ ပါတယ်။
ညဘက်ရိုက်ကူးထားတဲ့ နောက်ထပ် မြင်ကွင်းတစ်ခုမှာတော့ ရေကြီးနေတဲ့လမ်းပေါ်မှာ ကားတစ်စီး မျောပါသွားခဲ့တာကို တွေ့ရပါတယ်။
ကျန်းရှောင်းခရိုင်အတွင်း ဆိုင်းဘုတ်တွေ၊ အဆောက်အဦတွေ၊ ရှုခင်းတွေနဲ့ လမ်းအပြင်အဆင် တွေက မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ရုပ်သံနဲ့ ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်သံ တွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ကျန်းရှောင်းပြည်သူ့လုံခြုံရေး ဗျူရိုက ယူတုံးမြို့နယ်မှာ ဒေသစံတော်ချိန် နံနက် ၁ နာရီ က ရုတ်တရက် မိုးရွာခဲ့လို့ လမ်းပေါ်ရေကြီးခဲ့တယ်လို့ ဇူလိုင် ၂ ရက် နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ ယူတုံးမြို့နယ်မှာ အသေအပျောက် မရှိဘူးလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
Source-Reuters