တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့က မြေပြိုမှုကြောင့် သေဆုံးသူဦးရေဟာ ၃၁ ယောက် ရှိသွားပါပြီ။
ကပ်ဘေးသင့်ဒေသခံ အယောက် ၉၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပြီး ခိုလှုံရေး စခန်းတွေမှာ နေရာချထားတယ်လို့ အစိုးရရုပ်သံ CCTV က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း အယောက် ၁,၀၀၀ ကျော်က နှင်းတွေနဲ့ ရေခဲမှတ်အောက် အေးခဲနေတဲ့ အပူချိန်ကို ရင်ဆိုင်ရင်း ပျောက်ဆုံးနေသူ ဒါဇင်များစွာကို ဆက်လက် ရှာဖွေနေပါတယ်။
ဇန်နဝါရီ ၂၂ ရက်က ဒေသစံတော်ချိန် မနက် ၆ နာရီလောက်မှာ ကျောက်ထုံမြို့က ရွာ ၂ ရွာမှာ မြေပြိုခဲ့တာပါ။
တောင်ကုန်းအောက်ခြေက အညိုရောင် တောင်မြေတွေအောက်မှာ အိမ်တွေ မြုပ်ကုန်တယ်လို့ အစိုးရရုပ်သံ CCTV က ဖော်ပြထားပါတယ်။
Source/Photo-Reuters