Home
နိုင်ငံတကာ
ဆီမီးကွန်ဒတ်တာကဏ္ဍတွင် အီးယူနှင့် ဂျပန် ပူးပေါင်းဆောင်ရွက်မည်
DVB
·
July 3, 2023
Semi conductors

အီးယူ ဥရောပသမဂ္ဂအနေနဲ့ ဂျပန်နိုင်ငံနဲ့အတူ ဆီမီးကွန်ဒတ်တာလို့ခေါ်တဲ့ တပိုင်းလျှပ်ကူး ပစ္စည်းဆိုင်ရာနဲ့ ပတ်သက်လို့ ပိုမို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၃ ရက်မှာ စက်မှုအကြီးအကဲက ပြောပါတယ်။

နိုင်ငံတွေအနေနဲ့ ကာကွယ်ရေး၊ အီလက်ထရွန်းနစ်နဲ့ မော်တော်ယာဉ်လုပ်ငန်းတွေအတွက် အရေးပါတဲ့ နည်းပညာတခုအပေါ် ထိန်းချုပ်မှုအားကောင်းစေဖို့ လှုပ်ရှားဆောင်ရွက် နေကြတာပါ။

ရိုက်တာသတင်းဌာနကို ပြောကြားတဲ့ ဘရီတန်ရဲ့ အင်တာဗျူးထဲမှာ ဂျပန်နဲ့ အီးယူဟာ ချစ်ပ်ပြား ထောက်ပံ့ရေး အခြေအနေ ပြောင်းလဲမှုကို စောင့်ကြည့်ဖို့နဲ့ အင်ဂျင်နီယာတွေနဲ့ သုသေတီတွေရဲ့ အပြန်အလှန်ဖလှယ်ရာမှာ အဆင်ပြေချောမွေ့စေဖို့ အတူတကွ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင် ၂၇ ဦးပါတဲ့ ဂျပန် တပိုင်းလျှပ်ကူးပစ္စည်း ကုမ္ပဏီတွေကို ပံ့ပိုးပေးတဲ့ အစုအဖွဲ့ဟာ ထောက်ပံ့ငွေကြေးရယူတာ အပါအဝင် အဲ့ဒီဒေသတွေမှာပဲ လုပ်ငန်းလည်ပတ်နိုင်ဖို့ ကြံဆနေကြတာ ဖြစ်ပါတယ်။

အီးယူနဲ့ ဂျပန်တို့အကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ဖို့ဖြစ်ပြီး ချစ်ပ်ပြားလို အဆင့်မြင့် နည်းပညာတွေရဲ့ အရည်အသွေး တိုးမြှင့်နိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024