Home
အားကစား
ယူ-၁၇ အာရှဖလားပြိုင်ပွဲတွင် ဂျပန်အသင်း ဗိုလ်စွဲ
DVB
·
July 3, 2023
Japan U17 team

၂၀၂၃ ယူ-၁၇ အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ထိုင်းနိုင်ငံမှာ ဇူလိုင် ၂ ရက်က ယှဥ်ပြိုင်ခဲ့ပြီး ဂျပန်ယူ-၁၇ အသင်းက တောင်ကိုရီးယားယူ-၁၇ အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဂျပန်ယူ-၁၇ အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၄၅ မိနစ်နဲ့ ၆၆ မိနစ်မှာ နဝါတာနဲ့ ပွဲချိန်မိနစ် ၉၀ မှာ မီချီဝါကီတို့က သွင်းယူခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကိုလည်း ဂျပန်အသင်းကပဲ အားလုံးရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးအများဆုံးဆုကို နာဝါတာ၊ အကောင်းဆုံးဂိုးသမားဆုကို ဝါဂာာရုဂိုတိုနဲ့ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ဂျပန်အသင်းကပဲ ရရှိခဲ့ပါတယ်။

ဂျပန်အသင်းဟာ နောက်ဆုံး ၂ ကြိမ်ဆက် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတလျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု ၄ ကြိမ် ဆွတ်ခူးထားပါတယ်။

၂၀၂၃ ယူ-၁၇ အာရှဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နဲ့ အီရန်တို့ဟာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် ၂၀၂၃ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်​ေရာက်ယှဥ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024