ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ ဂန္ဓမာလမ်းမှာရှိတဲ့ ငါးရှည့် အအေးခန်းစက်ရုံမှာ ဇူလိုင် ၃ ရက် ဒီမနက် ၂ နာရီလောက်က မီးလောင်ခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
ငါးရှဉ့်လှောင်တဲ့အအေးခန်းနဲ့ ဝန်းထမ်းလိုင်းခန်းကို ဒီမနက် ၂ နာရီ ၄၅ မိနစ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ၃ နာရီ ၁၇ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးငြှိမ်းသတ်ရာမှာပါတဲ့ ပရဟိတသမား တဦးက “မီးစလောင်တဲ့ အကြောင်းအရင်းတော့ မသိရဘူး။ ငါးရှည့်လှောင်တဲ့ အခန်းတော့ မီးလောင်လို့ ကုန်သွားတယ်”လို့ ပြောပါတယ်။
မီးလောင်မှု အဆင့်-၁ သတ်မှတ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့တာဖြစ်ပါတယ်။