စပိန်အသင်းနဲ့ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ ဘောလုံးကစားသမား ဘဝကနေအနားယူကြောင်း တရားဝင်ကြေညာသွားပါတယ်။
အသက် ၃၆ နှစ်ရှိ စပိန်ကွင်းလယ်လူဟာ အီတလီစီးရီးဘီကလပ် ကိုမိုအသင်းမှာ နောက်ဆုံး ကစားခဲ့တာပါ။
ဘာစီလိုနာ အကယ်ဒမီ လာမာစီယာ ထွက်ကစားသမားတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ဟာ ၂၀၀၃ ခုနှစ်မှာ အာဆင်နယ်ဆီပြောင်းရွှေ့ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ ကစားပါတယ်။
အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ မိုနာကိုအသင်း ဆီပြောင်းရွှေ့ခဲ့သူပါ။
မနှစ်ကမှ စီးရီးဘီကလပ် ကိုမိုအသင်းဆီပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝကနေ နည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ယူသွားမှာဖြစ်ပါတယ်။
ဖာဘရီဂတ်စ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား နဲ့ ယူရိုပြိုင်ပွဲ ချန်ပီယံဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။
ကလပ်အသင်းတွေနဲ့အတူ ဆုဖလား ၁၁ လုံးရရှိခဲ့ပြီး တစ်ဦးချင်းဆု တံဆိပ် အများအပြားလည်း ရယူနိုင်ခဲ့ပါတယ်။