မက္ကဆီကိုနိုင်ငံအနောက်ပိုင်း မီချိုအာကန်းပြည်နယ်မှာ ရာဇ၀တ်မှုရပ်တန့်ရေး စေတနာ့ဝန်ထမ်း အဖွဲ့ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် ဟီပိုလီတိုမိုရာဟာ ဇွန် ၂၉ ရက်ကတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သူ့ခန္ဓာကိုယ်ဟာ မမှတ်မိနိုင်လောက်အောင် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားရာကို ရောက်ရှိလာချိန်မှာ မီးလောင်ပျက်စီးသွားတဲ့ ကုန်တင်ကား ၂ စီးနဲ့ မိုရာ လို့ ယူဆရတဲ့အလောင်းကို တွေ့ရှိခဲ့တာပါ။
အဲဒီနေရာမှာ စစ်အခြေစိုက်စခန်း တခုရှိပြီး အမျိုးသားအစောင့်တဦး၊ အရပ်ဘက်အစောင့်တဦး ရှိပေမယ့် အာဏာပိုင်တွေ တခါမှတောင် ရောက်မလာဖူးပဲ မိုရာ သေသွားမှသာ ရောက်လာကြတယ် လို့ သူက ဆိုပါတယ်။
မိုရာဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ကြမ်းတမ်းတဲ့ပြည်နယ်ထဲမှာ ရမ်းကားရိုင်းစိုင်းတဲ့ မူးယစ်ဂိုဏ်း အဖွဲ့ တဖွဲ့ဆီကနေ နယ်မြေကို ကာကွယ်ဖို့ ရည်ရွယ်ချက်ကို ကြေညာခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်တဲ့အဖွဲ့ကို တည်ထောင်ခဲ့သူပါ။
အသက် ၆၇ နှစ်အရွယ် မိုရာဟာ မကြာသေးခင်နှစ်တွေအတွင်း ကာကွယ်ရေးအဖွဲ့ကနေ တာဝန် နုတ်ထွက်ခဲ့ပေမယ့် ဒေသတွင်းမှာ ရာဇ၀တ်မှုတွေ တိုးလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်တွေ ထပ်ကိုင်ဆောင်ဖို့ စီစဉ်ထားတယ်လို့ မကြာသေးခင်ကမှ ရိုက်တာကို ပြောထားဖူးပါတယ်။